Breaking News

ကျောင်းအုပ်ကြီး၏နှုတ်ခွန်းဆက်စကား

အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) မှ ကြိုဆိုပါတယ်။ ကျနော်တို့ ကျောင်းသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေတိုးတက်စေဖို့နဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် သက်မွေးပညာ သင်ယူလိုသူတိုင်းကို သက်မွေးပညာ သင်ကြားခွင့် ရရှိစေဖို့ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားလိုပါတယ်။

‌ကျောင်း၏သမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) သည် ဗိုလ်ချုပ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊ သံတွဲမြို့၊ ရခိုင်ပြည်နယ်တွင်တည်ရှိပါသည်။ ၁၉၈၂ ခုနှစ်တွင် နည်းပညာအထက်တန်းကျောင်း အနေဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ အဖြစ်အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိတွင် မြို့ပြအင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ များဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ဒေသလိုအပ်ချက်အလိုက် ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။...